cmn_banner

သင်္ဘောသားအသက်အာမခံ (Plan)

ရည်ရွယ်ချက်

  • မြန်မာနိုင်ငံသားသင်္ဘောသားများ ပြည်ပသို့ တရားဝင်သွားရောက် အလုပ်တာဝန်ထမ်းဆောင် နေစဉ် အာမခံသက်တမ်းအတွင်း အကြောင်းအမျိုးမျိုး‌ကြောင့် သေဆုံးခြင်းနှင့် ဒဏ်ရာရခြင်း ဖြစ်ပေါ်ပါက မိမိကိုယ်တိုင်သော်လည်းကောင်း၊ ကျန်ရစ်သူ မိသားစုအတွက်သော်လည်းကောင်း ငွေကြေးအားဖြင့် အထောက်အပံ့ရရှိစေရန် ဆောင်ရွက်သည့် အသက်အာမခံအမျိုးအစားဖြစ်ပါကြောင်း၊

 

အာမခံအမျိုးအစား

  • သေဆုံးမှု၊ ထာဝစဉ်မသန်စွမ်းဖြစ်မှုနှင့် ကိုယ်အင်္ဂါထိခိုက်မှုအတွက် အကျိုးခံစားခွင့်ရရှိမည့် အာမခံ အမျိုးအစား

 

အာမခံသက်တမ်း

  • (၁) နှစ်

 

အသက်ကန့်သတ်ချက်

  • အသက် ၁၈ နှစ်မှ ၆၀ နှစ်ရှိသော သင်္ဘောသားများ ဝယ်ယူနိုင်၊
  • အသက်် ၆၀ နှစ်အထက် ကျော်လွန်ပါက အပိုပရီမီယံကြေး ပေးသွင်းဝယ်ယူနိုင်၊

 

အာမခံထားရှိရန်လိုအပ်ချက်များ

  • ကျန်းမာရေးကောင်းမွန်ကြောင်း ထောက်ခံချက်၊
  • သင်္ဘောသားမှတ်ပုံတင် (စီဒီစီ) မိတ္တူ၊

 

အကျိုးခံစားခွင့်များ

  • အာမခံသက်တမ်းအတွင်း အာမခံထားသူ သင်္ဘောသားသည် အကျိုးခံစားခွင့် အကျုံးမဝင်သောအချက် များကြောင့် မဟုတ်ဘဲ အသက်ဆုံးရှုံးမှုဖြစ်ပေါ်လျှင် အာမခံထားရှိသည့် Plan အတိုင်း အာမခံထားငွေကို အကျိုးခံစားခွင့်ရှိသူမှ ရရှိနိုင်၊
  • မတော်တဆကြောင့် ထိခိုက်ဒဏ်ရာရရှိပါက ဝယ်ယူသည့် Plan အတိုင်း အာမခံထားငွေအပေါ်မူတည်၍ သတ်မှတ်ထားသည့် အကျိုးခံစားခွင့်နှုန်းထားများအတိုင်း ရရှိနိုင်၊

 

အာမခံထားခြင်းဖြင့် ရရှိမည့် အကျိုးကျေးဇူးများ

  • မိမိအသက်နှင့် ခန္ဓာကိုယ် အကြောင်းအမျိုးမျိုးကြောင့် ထိခိုက်နစ်နာမှုများ ဖြစ်‌ပေါ်ပါက မိမိ သို့မဟုတ် အကျိုးခံစားခွင့်ရှိသူအတွက် ငွေကြေးအားဖြင့် အထောက်အပံ့ ရရှိစေခြင်း။
  • အခြားသူများ ထိခိုက်နစ်နာမှု ဖြစ်ပေါ်ပါက မိမိပေးသွင်းငွေသည် ထိခိုက်နစ်နာသူအတွက် ကူညီရာ ရောက်ခြင်း။
  • မည်သူမျှ ထိခိုက်နစ်နာမှု မဖြစ်ပေါ်ပါက နိုင်ငံတော်ဝင်ငွေတိုးတက်ပြီး လူထုအကျိုးပြု လုပ်ငန်းများ ပိုမို‌ဆောင်ရွက်နိုင်ခြင်း။
  • နိုင်ငံတော်ပိုင် အာမခံလုပ်ငန်းတွင် အာမခံထားရှိခြင်းဖြင့် တိုင်းကျိုးပြည်ပြုလုပ်ငန်း လုပ်ဆာင်ခွင့်ရခြင်း။

 

အကျိုးခံစားခွင့် အကျုံးမဝင်သည့်အချက်များ

  • အာမခံထားသူသင်္ဘောသားသည် သင်္ဘောမှ ထွက်ပြေးခြင်း၊
  • မူးယစ်ဆေးဝါး သုံးစွဲခြင်းကြောင့် သေဆုံးခြင်း၊ ထာဝစဉ်မသန်စွမ်းဖြစ်ခြင်းနှင့် ထိခိုက်ဒဏ်ရာရရှိခြင်း၊
  • မိမိကိုယ်ကိုသတ်သေခြင်းကြောင့် သေဆုံးခြင်း၊ ထာဝစဉ်မသန်စွမ်းဖြစ်ခြင်းနှင့် ထိခိုက်ဒဏ်ရာရရှိခြင်း၊
  • မိမိကိုယ်တိုင် ရာဇဝတ်မှုကျူးလွန်ခြင်းကြောင့် သေဆုံးခြင်း၊ ထာဝစဉ်မသန်စွမ်းဖြစ်ခြင်းနှင့် ထိခိုက် ဒဏ်ရာရရှိခြင်း၊

 

အထွေထွေစည်းကမ်းချက်များ

  • နိုင်ငံခြားသင်္ဘောတွင် ၁ နှစ်ထက်ပို၍ တာဝန်ထမ်းဆောင်နေရသူသည် အာမခံလက်မှတ် သက်တမ်း မကုန်မီ (သက်ဆိုင်ရာကုမ္ပဏီ)သို့ ဆက်သွယ်၍ စည်းကမ်းချက်များနှင့်အညီ (၁)နှစ် သက်တမ်း ထပ်မံ ထားရှိနိုင်ပါသည်။
  • အာမခံထားသူသင်္ဘောသား သေဆုံးသောအခါ အကြောင်းအမျိုးမျိုးကြောင့် အလောင်းမရရှိပါက ၁ နှစ်ဆိုင်းငံ့ပြီးမှ အကျိုးခံစားခွင့် ပေးချေမည် ဖြစ်ပါသည်။

 

သင်္ဘောသားအသက်အာမခံ အကျိုးခံစားခွင့်များ

အကျိုးခံစားခွင့်ရရှိနိုင်မှု အကျိုးခံစားခွင့်
Plan 1 Plan 2 Plan 3 Plan 4 Plan 5 Plan 6
အာမခံထားငွေ (Sum Insured) (MMK) 10,000,000 20,000,000 40,000,000 60,000,000 80,000,000 100,000,000
အကြောင်းအမျိုးမျိုးကြောင့် သေဆုံးခြင်း အများဆုံး

10,000,000

အများဆုံး

20,000,000

အများဆုံး

40,000,000

အများဆုံး

60,000,000

အများဆုံး

80,000,000

အများဆုံး

100,000,000

ထာဝစဉ်မသန်မစွမ်းဖြစ်ခြင်း အများဆုံး

10,000,000

အများဆုံး

20,000,000

အများဆုံး

40,000,000

အများဆုံး

60,000,000

အများဆုံး

80,000,000

အများဆုံး

100,000,000

မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခြင်း မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခြင်း အကျိုးခံစားခွင့်နှုန်းထားများ – ပူးတွဲပါဇယားအတိုင်း

 

သင်္ဘောသားအသက်အာမခံ သေဆုံးခြင်းနှင့် ထိခိုက်ဒဏ်ရာရရှိမှုအတွက် အကျိုးခံစားခွင့်နှုန်းထားများ

စဉ် အကြောင်းအရာ အာမခံထားငွေပေါ်ရရှိမည့် အကျိုးခံစားခွင့် ရာခိုင်နှုန်း
သေဆုံးခြင်း ၁၀၀%
လက်မောင်းရင်းမှ လက်ကောက်ဝတ်အထိ တစ်နေရာရာတွင်
လက်နှစ်ဖက်လုံးဝပြတ်ခြင်း
၁၀၀%
လက်မောင်းရင်းမှ လက်ကောက်ဝတ်အထိ တစ်နေရာရာတွင်
လက်တစ်ဖက်လုံးဝပြတ်ခြင်း
၅၀%
လက်မတစ်ချောင်းမည်သည့်နေရာမှမဆိုလုံးဝပြတ်ခြင်း ၁၀%
လက်ညိုးတစ်ချောင်းမည်သည့်နေရာမှမဆိုလုံးဝပြတ်ခြင်း ၉%
လက်ခလယ်၊လက်သူကြွယ်နှင့်လက်သန်းမည်သည့်နေရာတွင်မဆို လုံးဝပြတ်ခြင်း ၇.၅%
ခြေမတစ်ချောင်းပြတ်ခြင်း ၉%
‌ခြေမမှတစ်ပါးအခြားခြေချောင်းတစ်ချောင်းချောင်းလုံးဝပြတ်ခြင်း ၇.၅%
‌ပေါင်ရင်းမှ ခြေကျင်းဝတ်အထိ တစ်နေရာရာတွင် ခြေနှစ်ဖက်လုံးဝပြတ်ခြင်း ၁၀၀%
၁၀ ‌ပေါင်ရင်းမှ ခြေကျင်းဝတ်အထိ တစ်နေရာရာတွင် ခြေတစ်ဖက်လုံးဝပြတ်ခြင်း ၅၀%
၁၁ ခြေလက်အင်္ဂါတစ်ခုခုသာ လက်ကောက်ဝတ်မှ အဖျားဘက်အစွန်း
သော်လည်းကောင်း၊ခြေကျင်းဝတ်မှအဖျားဘက်အစွန်းသော်လည်းကောင်း
လုံးဝပြတ်ခြင်း
၃၇.၅%
၁၂ မျက်စိနှစ်ဖက်ကွယ်ခြင်း ၁၀၀%
၁၃ မျက်စိတစ်ဖက်ကွယ်ခြင်း ၅၀%
၁၄ နားရွက်တစ်ဖက်လုံးဝပြတ်ခြင်း ၁၅%
၁၅ နားရွက်နှစ်ဖက်လုံးဝပြတ်ခြင်း ၃၀%
၁၆ နားနှစ်ဖက်လုံးဝပင်းခြင်း ၅၀%
၁၇ နားတစ်ဖက်လုံးဝပင်းခြင်း ၂၅%
၁၈ သွားကျိုးခြင်း/သွားယိုင်ခြင်း၊ သွားတစ်ချောင်းလျှင် ၂.၅%
၁၉ ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း ၁၀၀%
၂၀ လက်မောင်းရင်းမှ လက်ကောက်ဝတ်အထိ တစ်နေရာရာတွင် လက်နှစ်ဖက် လုံးဝ ကျိုးခြင်း ၃၀%
၂၁ လက်မောင်းရင်းမှ လက်ကောက်ဝတ်အထိ တစ်နေရာရာတွင် လက်တစ်ဖက်လုံးဝ ကျိုးခြင်း ၁၅%
၂၂ လက်မတစ်ချောင်းကျိုးခြင်း ၄%
၂၃ ကျန်လက်တစ်ချောင်းကျိုးခြင်း ၂.၅%
၂၄ ‌ခြေမတစ်ချောင်းကျိုးခြင်း ၃%
၂၅ အခြားခြေတစ်ချောင်းကျိုးခြင်း ၂.၅%
၂၆ ‌ပေါင်ရင်းမှခြေကျင်းဝတ်အထိ တစ်နေရာရာတွင်ခြေနှစ်ဖက်ကျိုးခြင်း ၃၀%
၂၇ ‌ပေါင်ရင်းမှခြေကျင်းဝတ်အထိ တစ်နေရာရာတွင်ခြေတစ်ဖက်ကျိုးခြင်း ၁၅%
၂၈ လက်ကောက်ဝတ် သို့မဟုတ် ခြေကျင်းဝတ်အဖျားဖက်အစွန်းကျိုးခြင်း ၁၅%
၂၉ မျက်စိနှစ်ဖက်လုံးဖြစ်စေ၊ မျက်စိတစ်ဖက်သာဖြစ်စေ ဒဏ်ရာရခြင်း ၁၅%
၃၀ နားရွက်နှစ်ဖက်လုံးဖြစ်စေ၊ နားရွက်တစ်ဖက်သာဖြစ်စေ ဒဏ်ရာရခြင်း ၁၀%
၃၁ နားရွက်တစ်ဖက်ဒဏ်ရာရ၍တစ်စိတ်တစ်ဒေသနားပင်းသွားခြင်း ၁၂.၅%
၃၂ နှာခေါင်းရိုးကျိုးခြင်း ၁၀%
၃၃ ‌မေးရိုးကျိုးခြင်း ၁၅%
၃၄ မျက်နှာနှင့်ဦးခေါင်းပိုင်းရုပ်ဆင်းအင်္ဂါပျက်ခြင်း ၅၀%
၃၅ ခါးရိုးကျိုးခြင်း ၅၀%
၃၆ နံရိုးတစ်ချောင်းကျိုးခြင်း ၁၀%
၃၇ လည်ပင်းရိုးကျိုးခြင်း ၅၀%
၃၈ ပခုံးရိုး(သို့မဟုတ်)ညှပ်ရိုးကျိုးခြင်း ၂၀%
၃၉ ကိုယ်ခန္ဓာ၏အခြားအစိတ်အပိုင်းပြင်းထန်စွာဒဏ်ရာရခြင်း ၅၀%
၄၀ ဆီးခုံရိုးတစ်ချောင်းကျိုးခြင်း ၁၅%
၄၁ တင်ပဆုံရိုးတစ်ချောင်းကျိုးခြင်း ၁၅%
၄၂ တင်ပဆုံရိုးနှစ်ချောင်းကျိုးခြင်း ၃၀%
၄၃ တင်ပခွက်ရိုးကျိုးခြင်း ၂၅%
၄၄ မြီးညှောင့်ရိုးကျိုးခြင်း ၁၅%
၄၅ ‌ခြေမျက်စေ့ရိုးကျိုးခြင်း ၁၅%
၄၆ ‌ခြေဖနောင့်ရိုးကျိုးခြင်း ၁၅%
၄၇ ဂုံးညှင်းရိုးကျိုးခြင်း ၁၅%
၄၈ ဦးခေါင်းရိုးကျိုးခြင်း ၂၅%
၄၉ နားထင်ရိုးကျိုးခြင်း ၁၅%
၅၀ ပါးရိုးကျိုးခြင်း ၁၅%
၅၁ မျက်တွင်းရိုးကျိုးခြင်း ၁၅%
၅၂ လက်ပြင်ရိုးကျိုးခြင်း ၁၀%
၅၃ သွားဖုံးရိုးကျိုးခြင်း ၁၀%
၅၄ သားအိမ်ထိခိုက်ဒဏ်ရာခြင်း ၂၅%
၅၅ သရက်ရွက်ထိခိုက်ဒဏ်ရာရရှိခြင်း ၂၅%
၅၆ ဗိုက်ခွဲကုသခြင်း ၂၅%
၅၇ ကျောက်ကပ်ထိခိုက်ဒဏ်ရရခြင်း ၂၅%
၅၈ မိန်းမအင်္ဂါထိခိုက်ဒဏ်ရာရခြင်း ၁၅%
၅၉ ‌ယောက်ျားအင်္ဂါထိခိုက်ဒဏ်ရာရခြင်း ၂၅%
၆၀ ဆီးအိမ်ကွဲ၍ချုပ်ရခြင်း ၂၅%
၆၁ နဖူးရိုးကျိုးခြင်း ၁၅%
၆၂ ‌ဘေလုံးထိခိုက်ဒဏ်ရာရခြင်း ၂၅%
၆၃ အသဲထိခိုက်ဒဏ်ရာရရှိခြင်း ၅၀%
၆၄ နားရွက်အရိုးနုကျိုးခြင်း ၁၅%
၆၅ ‌ခြေထောက်တိုခြင်း ၁၀%
၆၆ အဆစ်ခိုင်ခြင်း၊ အဆစ်လွဲခြင်း ၁၀%
၆၇ လက်ခုံရိုးတစ်ရိုးကျိုးခြင်း ၅%
၆၈ ‌ခြေခုံရိုးတစ်ချောင်းကျိုးခြင်း ၅%
၆၉ သံချောင်းအစားထိုးကုသရခြင်း ၁၀%
၇၀ အသားအစားထိုးကုသရခြင်း ၁၅%
၇၁ အဆုတ်အတွင်းသွေး၊လေရောင်ခြင်း ၁၀%
၇၂ ဆီးခုံရိုးနေရာရွေ့ခြင်း ၁၀%
၇၃ သားပျက်ခြင်း ၁၅%
၇၄ ကိုယ်ခန္ဓာ၏အခြားအစိတ်အပိုင်းများတွင်သာမန်ဒဏ်ရာရခြင်း ၁% မှ ၅% အတွင်း

ဝန်ဆောင်မှုများ

Contact Phone Number

Life Insurance (Underwriting) Department

01 - 8391990

Life Insurance (Claim) Department

01 - 8384881

Life Reinsurance Department

01-8386919

Motor Vehicle Insurance (Underwriting) Department

09-880 177 428

Motor Vehicle Insurance (Claim) Department

09-880177427

Marine, Aviation & Travelling Insurance (Underwriting) Department

01-8251761 , 01- 8391993

Marine, Aviation & Travelling Insurance (Claim) Department

01-8251761

Fire, Engineering and Miscellaneous Insurance (Underwriting) Department

01-384867

Fire, Engineering and Miscellaneous Insurance (Claim) Department

01-8251762

General Reinsurance Department

01-8384880

Admin Department

01-8379088, 01-8384865,
01-8252372, 01-8246902

Account Department

01-8384868, 01-8384870

Marketing Department

01-8391995, 01-8391996

Duty Room

01-8379188